၂၁ အောက်တိုဘာလ
ကိုးရီးယားသမ္မတနိုင်ငံ ၏အထောက်အပံ့ဖြင့် တီဘီ မဟာမိတ်အဖွဲ့ (TB Alliance)က ဆေးမတိုးသည့် တီဘီရောဂါ (Drug-Resistant Tuberculosis (TB)) အတွက် တိုးတက်မြှင့်တင်ထားသည့်ကုသမှုများကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးရန် နှင့် စကေးမြှင့်တင်ရန် ကနဦးလုပ်ဆောင်မှုအတွက် ကြေငြာချက်
တီဘီ ရောဂါသည် ၅ ဦးတွင် ၁ ဦး ဆေးမတိုးသည့် အရှေ့တောင်အာရှ နှင့် အာရှတိုက်အလယ်ပိုင်းရှိ ဝန်ထုတ်ဝန်ပိုး အများဆုံး ခုနစ် နိုင်ငံအပေါ် အာရုံစူးစိုက်ပြီး ဆေးမတိုးသည့် တီဘီရောဂါအတွက် ကုသမှုပြီးစီးနှုန်းများကို မြှင့်တင်ရန် LIFT-TB
ပရီတိုးရီးယား (PRETORIA) (၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်)—တီဘီ မဟာမိတ်အဖွဲ့ (TB Alliance) က တိုးတက်မြှင့်တင် ထားသည့် အဆုတ်ရောင်တီဘီရောဂါ (TB) ကုသရေး ဆေးညွှန်းများကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးရန် နှင့် စကေးမြှင့်တင်ရန် ကနဦးလုပ်ဆောင်ချက်တစ်ခုအကြောင်း ကြေငြာလိုက်ပါသည်။ LIFT-TB (တီဘီရောဂါ ပိုမြန်မြန်ကုသရေး အတွက် ဆန်းသစ်တီထွင်မှု မြှင့်တင်ရေး (Leveraging Innovation for Faster Treatment of Tuberculosis)) ဟု သိကြသည့် ဤ ကနဦးလုပ်ဆောင်ချက် က အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကာဂျီစတန်၊ ယူကရိမ်း နှင့် ဥဇ်ဘက်ကစ္စတန် အမည်ရသည့် အရှေ့တောင်အာရှ နှင့် အာရှတိုက်အလယ်ပိုင်းတစ်ခွင်ရှိ ဆေးမတိုးသည့် တီဘီရောဂါပုံစံ သက်ရောက်မှုအများဆုံးရှိသော နိုင်ငံအချို့တွင် အဆိုပါ ရောဂါ ပုံစံများအတွက် ဆေးဝါးကုသမှုပြီးစီးနှုန်းကို မြင့်တင်ရန်လည်း ကြိုးစားရှာဖွေပါမည်။
“ကျွန်တော်တို့တွေ တီဘီရောဂါရဲ့ ဆေးမတိုးဆုံးပုံစံတစ်ချို့ကို ဆန့်ကျင်ပြီးတိုက်ရတဲ့ အရှိန်အဟုန်ကြီးကြီးမားမားကို လောလော လတ်လတ် မျက်မြင်သက်သေတွေ့ခဲ့ရတယ်” ဟု တီဘီ မဟာမိတ် (TB Alliance) ရှိ စျေးကွက်လက်လှမ်းမီရေးဆိုင်ရာ ဒုဥက္ကဌဖြစ်သူ Sandeep Juneja၊ SVR က ပြောကြားခဲ့သည်။ “အခုဆိုရင် နိုဗယ် တီဘီ ကုသရေးဆေးညွှန်းတွေကို ရရှိဖို့အများဆုံးလိုအပ်နေတဲ့သူတွေ ကျယ်ကျယ်ပြန့်ပြန့် အလှမ်းမီရရှိလာဖို့ သေချာစေခြင်းဖြင့် သက်ရောက်မှုတစ်ခုလုပ်နိုင်အောင် ကူညီဖို့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။”
ဤ ငါးနှစ်တာ ပရောဂျက်တွင် ဦးတည်ပစ်မှတ် နိုင်ငံ ခုနစ်နိုင်ငံတစ်ခွင်ရှိ TB Alliance နှင့် ကိုးရီးယား သမ္မတနိုင်ငံတို့က ကမ္ဘာလုံးဆိုင်ရာ ရောဂါအမြစ်ပြတ်ချေမှုန်းရေး ရန်ပုံငွေ (GDEF) မှတဆင့် အမေရိကန်ဒေါ်လာ ၁၀.၅ သန်းခန့် ရှိသည့် ပေါင်းစုအာမခံချက်တစ်ခု ပါဝင်ပါသည်။ ပရောဂျက်က ဆေးမတိုးသည့် အဆုတ်ရောင်တီဘီရောဂါအတွက် တိုးတက်မြှင့်တင်ထားသည့် တီဘီရောဂါ ကုသရေး ဆေးညွှန်းများ ကို လက်ခံကျင့်သုံးရေး နှင့် စကေးမြှင့်တင်ရေးကို ချောမွေ့စေခြင်း နှင့် ကျန်းမာရေးစနစ်များ နှင့် ရောဂါဖြစ်ပွားပုံဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကို လျှော့ချခြင်း မှတဆင့် တီဘီရောဂါရှိသူများ၊ ၄င်းတို့၏မိသားစုများ နှင့် လူ့အသိုင်းအဝိုင်းများ၏ အသက် နှင့် ရှင်သန်နေထိုင်မှုများကို ကယ်ဆယ်ပေးရန်အတွက် ရည်မှန်းထားပါသည်။ အခြားရည်မှန်းချက်များအပြင် ပရောဂျက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ လက်ရှိ တိုက်တွန်းအကြံပြုချက် များ နှင့် ကိုက်ညီစွာဖြင့် ပါဝင်နိုင်ငံများမှ စီမံကိန်းဆွဲထားသည့်အတိုင်း ဘီပီအေအယ်လ် (BPaL) သောက်ဆေး သုံးမျိုး ဆေးညွှန်း ခြောက်လစာပေးသည့် သုတေသနအတွက် လည်ပတ်မှုများ စောစီးစွာစတင်ရေးကို ထောက်ပံ့ပါမည်။
ဤပရောဂျက်ကို ပရောဂျက်အတွက် တီဘီ မဟာမိတ်အဖွဲ့ (TB Alliance) ၏ ပင်မ ပူးပေါင်းလုပ်ဆောင်သူ ကိုးရီးယားနိုင်ငံတွင် တည်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဆုတ်ရောင်တီဘီရောဂါ သုတေသနစင်တာ (ITRC) နှင့် လက်တွဲပူးပေါင်း၍ အကောင်အထည်ဖော်သွားပါမည်။ ပရောဂျက်သည် KNCV အဆုတ်ရောင် တီဘီရောဂါ ဖောင်ဒေးရှင်း (KNCV Tuberculosis Foundation) အပါအဝင် အခြား အပြည်ပြည်ဆိုင်ရာ နှင့် နိုင်ငံလုံးဆိုင်ရာ နည်းပညာ လက်တွဲဖော်များထံမှ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူများအပေါ် ယုံကြည်အားထားပါမည်။
“ITRC က ဆေးမတိုးတဲ့ ဘက်တီးရီးယားကို မြန်မြန် နှင့် တိတိကျကျ ခွဲခြားဖော်ထုတ်ရေးအတွက် ရောဂါခွဲခြားဖော်ထုတ်ရေး နည်းပညာကို ဖော်ထုတ်ရန်၊ တိုးတက်မြှင့်တင်ရန် နှင့် ဖြန့်ဖြူးရန် ကတိကဝတ်ပြုပါတယ်။ LIFT-TB နှင့် စေ့စပ်ဆောင်ရွက်ရန် နှင့် တိုးမြှင့်ထားသည့် တီဘီ ကုသမှုကို အောင်မြင်စွာ မိတ်ဆက်ပေးရန် နှင့် စကေးမြှင့်တင်ရန် ကျွန်ုပ်တို့ရဲ့ တီဘီရောဂါ ခွဲခြားအမည်တပ်ရေး ဆိုင်ရာ ကျွမ်းကျင်မှုကို ထည့်သွင်းပါဝင်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” ဟု ITRC ဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ Dr. Sun Dae Song က ပြောကြားခဲ့ပါသည်။
ဤပရောဂျက်က ဘီပီအေအယ်လ် (BPaL) ဆေးညွှန်းဟု စုပေါင်းညွှန်းဆိုသည့် ဘီဒါကွီလင်း (bedaquiline)၊ ပရီတိုမာနစ် (pretomanid) နှင့် လီနာဇိုလစ် (linezolid) တို့ ပူးတွဲပေးမှုနှင့် စတင်သော ဆေးမတိုးသည့် တီဘီရောဂါပုံစံမျိုးအတွက် နိုဗယ် ကုသရေးဆေးညွှန်းများသို့ လက်လှမ်းမီရရှိနိုင်မှုကို ချောမွေ့စေပါမည်။ ယင်းဆေးညွှန်းကို TB Alliance ၏ အသက်ပါလှသော Nix-TB စမ်းသပ်မှုတွင် လေ့လာခဲ့ပြီး လူနာ ၉၀% ၌ ရလဒ်ကောင်း ဖော်ထုတ်ပြသခဲ့သည်ဟု နယူးအင်္ဂလန် ဆေးဝါးဂျာနယ် (New England Journal of Medicine1)၊ ၂၀၂၀ ခုနှစ် မတ်လ ၅ ရက် ထုတ်ဝေမှုအတွင်း ထုတ်ပြန်ခဲ့ပါသည်။ တီဘီ မဟာမိတ်မှ ဖော်ထုတ်ခဲ့သည့် BPaL ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဓာတုဆေးဝါးအသစ် ပရီတိုမာနစ် (Pretomanid) က ယခုအခါ၌ အမေရိကန်ပြည်ထောင်စု အစားအစာ နှင့် ဆေးဝါးစိစစ်ရေးအဖွဲ့၊ ဥရောပ ကော်မစ်ရှင် နှင့် အိန္ဒိယနိုင်ငံ အထွေထွေဆေးဝါးထိန်းချုပ်ရေးမှုးချုပ် တို့ထံမှ စျေးကွက်တင်ရန်ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်။ ယင်းကို ဆေးအတော်များများမတိုးသည့် တီဘီရောဂါ (XDR-TB) သို့မဟုတ် ဆေးကုသမှုဒဏ် ခံနိုင်ရည်မရှိသော သို့မဟုတ် တုံ့ပြန်မှု မရှိသော ဆေးဝါးတွဲစပ်ကုသမှု မတိုးသည့် အဆုတ်တီဘီရောဂါ (MDR-TB) ရှိသည့် အရွယ်ရောက်လူကြီးများကို ကုသရန်အတွက် BPaL ဆေးညွှန်း၏ တစ်စိတ်တစ်ပိုင်း တစ်ခုအနေဖြင့် သောက်ဆေးဖော်မြူလာတစ်ခုအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ခန့်မှန်းချေ လူပေါင်း ၁၀ သန်းသည် တီဘီရောဂါဖြင့် ဖျားနာခဲ့ကြသည့်အထဲမှ ၆၂% သည် ပစိဖိတ် အရှေ့တောင်ပိုင်း နှင့် အနောက်ပိုင်းဒေသများတွင်း ဖြစ်ပွားခဲ့သည်။2 ပရောဂျက်တွင်းရှိ ပစ်မှတ် ခုနစ်နိုင်ငံက ကမ္ဘာ့လူဦးရေ၏ ၈% သာ ပါဝင်သော်လည်း ယင်းနိုင်ငံများက ကမ္ဘာတစ်ဝှမ်းရှိ ဆေးမတိုးသည့် တီဘီရောဂါဖြစ်ပွားမှုဦးရေတွင်း ၁၂.၅% စာရင်းပြခဲ့ပြီး ရောဂါသက်ရောက်ခံရသည့် လူနာ သုံးဦးတွင် တစ်ဦးကိုသာ ကုသခဲ့သည်။2
တီဘီ (TB) ရောဂါ အကြောင်း
တီဘီရောဂါသည် လေထုထဲမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ပြန့်ပွားနိုင်သည့် ကူးစက်ရောဂါတစ်ခုဖြစ်ပါသည်။ တီဘီ ရောဂါ ပုံစံအားလုံးကို ဆေးဝါးများ တွဲစပ်မှုတစ်ခုဖြင့် ကုသရမည်ဖြစ်ပြီး ဆေးအတိုးဆုံး တီဘီရောဂါ ပုံစံများက တီဘီရောဂါတိုက်ဖျက်သည့် ဆေးဝါး လေးမျိုး အသုံးပြုသောကုသမှုကို ခြောက်လတာ လိုအပ်ပါသည်။3 ဆေးမျိုးစုံမတိုးသည့် တီဘီရောဂါ (XDR-TB) သို့မဟုတ် ကုသမှုဒဏ် မခံနိုင်သည့်/တုံ့ပြန်မှုမရှိသည့် ဆေးအများအပြားဖြင့်ကုသမှုမတိုးသော တီဘီရောဂါအတွက် ကုသမှုမှာ သမိုင်းကြောင်းအရ အချိန်ရှည်ကြာပြီး ရှုပ်ထွေးလှပါသည်၊ ဆေးမျိုးစုံမတိုးသည့် တီဘီရောဂါရှိသူ လူနာများအား ပဍိဇီဝပိုးသတ်ဆေး ရှစ်မျိုးအထိ များပြား လှသည့် ဆေးဝါးတွဲစပ်မှုတစ်ခု ဖြင့် ကုသကာ အချို့တွင် နေ့စဉ် ထိုးဆေးများ ၁၈ လ သို့မဟုတ် ထို့ထက်ပိုကြာကြာ ထိုးခြင်း ပါဝင်ပါသည်။3 ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ လောလောလတ်လတ်အဖြစ်ဆုံး ဒေတာများအရ အောင်မြင်သည့်ကုသမှုကို XDR-TB4 အတွက် ၃၉ ရာခိုင်နှုန်းနီးပါး နှင့် and 57 percent for MDR-TB အတွက် ၅၇ ရာခိုင်နှုန်းနီးပါးရှိကြောင်း ညွှန်ပြခဲ့သည်။2
တီဘီ မဟာမိတ် (TB Alliance) အကြောင်း TB Alliance သည် တီဘီရောဂါကို တိုက်ဖျက်ရန် မြန်မြန်ဆန်ဆန် လုပ်ဆောင်ပြီး ငွေကြေးတတ်နိုင်သည့် ဆေးဝါးအညွှန်းများ ရှာဖွေတွေ့ရှိရန် စွဲစွဲမြဲမြဲလုပ်ကိုင်သော အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ရှေးဦးတီထွင်သည့် သိပ္ပံပညာ နှင့် ကမ္ဘာတစ်ဝှမ်းရှိ လက်တွဲဖော်များမှတဆင့် ကမ္ဘာ့တစ်ဝှမ်း ကျန်းမာရေး နှင့် သာယာဝပြောရေးကို တိုးတက်စေမည့် မြန်ဆန်၍ ပိုကောင်းသည့် တီဘီရောဂါ ကုသမှုများကို သာတူညီမျှ အလှမ်းမီရရှိကြောင်း သေချာစေရန် ကျွန်ုပ်တို့ ရည်မှန်းထားပါသည်။ TB Alliance သည် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးရာ နှင့် ကုန်သွယ်ရေးဌာန (Australia’s Department of Foreign Affairs and Trade)၊ ဘီလ် နှင့် မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်း (Bill & Melinda Gates Foundation)၊ KfW မှတဆင့် ဂျာမနီနိုင်ငံ ပညာရေး နှင့် သုတေသန ပြည်ထောင်စုဝန်ကြီးဌာန (Germany’s Federal Ministry of Education and Research)၊ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ရှေးဦးတီထွင်နည်းပညာရန်ပုံငွေအဖွဲ့ (Global Health Innovative Technology Fund)၊ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေး ရန်ပုံငွေအဖွဲ့ (Indonesia Health Fund) အိုင်ယာလန် အကူအညီ (Irish Aid)၊ ကိုးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency (KOICA))၊ ဆေးဝါးသုတေသန ကောင်စီ (ယူနိုက်တက် ကင်းဒမ်း) (Medical Research Council (United Kingdom))၊ ဓာတ်မတည့်မှု နှင့် ကူးစက်ရောဂါများဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်း (National Institute of Allergy and Infectious Diseases)၊ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန (Netherlands Ministry of Foreign Affairs)၊ ကိုးရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)၊ ယူနိုက်တက် ကင်းဒမ်း အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (United Kingdom Department for International Development)၊ ယူကေ ကျန်းမာရေးဌာန (UK Department of Health) နှင့် အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (United States Agency for International Development) တို့ထံမှ ထောက်ပံ့မှုဖြင့် လည်ပတ်ပါသည်။
GDEF အကြောင်း ကိုးရီးယား သမ္မတနိုင်ငံအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ ရောဂါအဖြစ်ဖြတ်ချေမှုန်းရေး ရန်ပုံငွေအဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်း ကူးစက်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ရည်ရွယ်ချက်အတွက် ကိုးရီးယားနိုင်ငံရှိ လေဆိပ်များမှ ထွက်ခွာသော ခရီးသည်များ ထံမှကိုးရီးယားဝမ် ၁၀၀၀ အလှူငွေ ကောက်ခံသည့် လေယာဉ်လက်မှတ် တစ်စည်းတစ်လုံးတည်း ကောက်ခံမှုစနစ်အပေါ် အခြေပြုထားပါသည်။ GDEF သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ခိုက်ရေးအတွက် ရှေးဦးတီထွင်သည့် ထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို ဖော်ထုတ်၊ စစ်ဆေးပြီး ပေးအပ်ရန် လှုပ်ရှားလုပ်ဆောင်သူ အမျိုးမျိုးတို့ဖြင့် လက်တွဲဆောင်ရွက်နေပါသည်။ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက GDEF ကို လည်ပတ်ရန်နှင့် စီမံခန့်ခွဲရန် ကိုးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) ကို ယုံကြည်အားထားပါသည်။
KOICA အကြောင်း နိုင်ငံခြားရေးရာ ဝန်ကြီးဌာနအောက်ရှိ ကိုးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) က ကိုးရီးယား သမ္မတနိုင်ငံ နှင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများ အကြား ခင်မင်ရင်းနှီးပြီး ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးများ နှင့် အပြန်အလှန် ဖလှယ်ရေးများ တည်ဆောက်ပေးရန် နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူပေးရန် ပရောဂျက်အမျိုးမျိုးမှတဆင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်စေရန်အတွက် ကိုးရီးယားနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်အေဂျင်စီတစ်ခုအနေဖြင့် ပါဝင်လုပ်ဆောင်နေပါသည်။
- ဆက်သွယ်ရန် -
- တီဘီ မဟာမိတ် (TB Alliance) သောမတ်စ် လင့်ချ် (Thomas Lynch) 646.616.8639 အီးမေးလ်- communications@tballiance.org
Conradie F, et al. Bedaquiline, ဆေးမျိုးစုံမတိုးသည့်၊ ဆေးဒဏ်မခံနိုင်သည့် သို့မဟုတ် တုံ့ပြန်မှုမရှိသည့် ဆေးဝါးတွဲစပ်ကုသမှု မတိုးသော အဆုတ်ရောင် တီဘီရောဂါ ကုသမှုအတွက် ပရီတိုမာနစ် နှင့် လီနာဇိုလစ် (pretomanid and linezolid)။ N Eng J Med 2020;382:893-902.
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO)။ ၂၀၂၀ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ တီဘီရောဂါ အစီရင်ခံစာ။ https://apps.who.int/iris/bitstream/handle/10665/336069/9789240013131-eng.pdf တွင် ဖတ်ရှုနိုင်ပါသည်။
ရောဂါပိုး၏ ခုခံနိုင်မှုအပေါ် ပြန်လည်သုံးသပ်ကြည့်ရှုမှု။ ဆေးမတိုးသည့် ကူးစက်ရောဂါများကို ကမ္ဘာအနှံ့ တိုက်ခိုက်ခြင်း။ ၂၀၁၆ ခုနှစ် မေလ။ https://amr-review.org/sites/default/files/160518_Final%20paper_with%20cover.pdf တွင် ဖတ်ရှုနိုင်ပါသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO)။ ၂၀၁၉ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ တီဘီရောဂါ အစီရင်ခံစာ။ https://apps.who.int/iris/bitstream/handle/10665/329368/9789241565714-eng.pdf?ua=1 တွင် ဖတ်ရှုနိုင်ပါသည်။